ဒ်ီပွဲ ဟာ ဓမ္မနဲ့အဓမ္မ ရဲ့ တိုက်ပွဲ ဆိုတာတပ်မတော်သားများအပါအ၀င် တစ်တိုင်းပြည်လုံးက မမေ့ဘို့ ပဲ။
ဓမ္မနဲ့အဓမ္မပွဲ
ငြိမ်းချမ်းလိုသူနဲ့ အကြမ်းဖက်လိုသူ။
သံဃာ၊ပြည်သူနဲ့ အာဏာရှင်။
တိုက်ကြပုံက လက်နက်မဲ့ နဲ့ လက်နက်ရှိ။
အသုံးချခံ အမုန်းတီးခံက စစ်တပ်။
ညှိုးနွမ်းရတာက ကျုပ်တို့ ရဲ့ သာသနာ။ အရှုံးရတာကို ကျုပ်တို့ ရဲ့ တိုင်းပြည်။
ကျုပ်တို့ ဗုဒ္ဓဘာသာမှာ ကိုးကွယ်ရာ ဆိုလို့ ဘုရား၊တရား၊သံဃာ ရတနာသုံးပါပဲရှိတယ်။သေရင်တောင်မ ဒီသရဏဂုံသုံးပါးကို တည်ပြီးသေရတယ်။ ဒီသုံးပါးကလွဲလို့ ဘာကို ယုံကြည်ကိုးစားရမှာ လဲ..။ ကျုပ်တို့ ကျုပ်တို့ ဗုဒ္ဓဘာသာမြန်မာစစ်သားတွေက ဒါကို ယုံကြည်ပြီးသား။ ဒါကို သေမထူးနေမထူး အာဏာရှင်က သိ လို့ ညဘက်ဘုန်းကြီးကျောင်းတွေမှာ ရက်ရက်စက်စက် ၀င်စီးဘို့ ရိုက်နှက်၊သတ်ဖြစ်ဘို့။ ဘုရားဆင်တုတော်တွေကို ရိုက်ချိုးဘို့ကို ဘာသာမဲ့ ငြိမ်းချမ်းရေးတပ်တွေကို သုံးခဲ့ တယ်ဆိုတာ သူငယ်ချင်ဗိုလ်ကြီးတစ်ယောက်ကပြောလို့ သိရတယ်။ ဒါအမျိုးဘာသာ သာသနာကိုစော်ကားလိုက်တာပဲ။ ဒီလိုစော်ကားတာကို မကျုပ်တို့ တပ်မတော်က မကာကွယ်နိုင်ဘူးဆိုရင်ဘာလုပ်မှာ လဲ။ ဒီလုပ်ရပ်တွေဟာ တပ်မတော် ဆိုတဲ့ နာမည်ကို သုံးပြီတော့ သူတို့ အာဏာမြဲဘို့ သက်သက်အသုံးချတာသာဖြစ်တယ်။ သေမထူးနေမထူး လက်တဆုပ်စာ အာဏာရှင်လူတစ်စုနဲ့ ဘာသာမဲ့ လက်နက်ကိုင် ကျုပ်တို့ တပ်မတော်က ဆုံးမရမှာ ဖြစ်တယ်။




ဗုဒ္ဓဘာသာ မြန်မာလူမျိုးများကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဆင်တုတော်ကို မိုက်မိုက်ရိုင်း ရိုက်ချိုးထားခဲ့ပုံ (ငွေကြာရံကျောင်းတိုက် ၂၆ စက်တင်ဘာ)
ဘုရားရှင်ရဲ့ သားတော်သံဃာတော်တွေကို ထိုကဲ့သို့ မိုက်ရိုင်းရက်စက်စွာ သတ်ဖြတ်ခြင်း
ငွေကြာရံကျောင်းတိုက်တွင်း ရက်စက်စွာ ရိုက်နက်မှု့ ကြောင်သံဃာတော်များရဲ့ သွေကွက်မျာ(၂၆ စက်တင်ဘာ)
အမိန့်သရဏံ ဂစ္ဆာမိ မရှိ
(ဘုရား၊တရား၊သံဃာ သရဏံ ဂစ္ဆာမိသာရှိပါသည်။)
No comments:
Post a Comment