အရှုံးကို အနိုင်မထင်လင့်
မေတ္တာနှင့်ပျော် ရဟန်းတော်တွေကို
သင်ကား သတ်ချေခဲ့ပြီ။
ငြိမ်းချမ်းရေးရည် လူ့ အာဇာနည်တွေကို
သင်ကား သတ်ချေခဲ့ပြီ။
ဟယ် အာဏာရူးငမိုက်တုံး….
သင်ကားအနိုင်မရှိ အရှုံးသာရှိ၏။
သတိမမူ အာဏာဟူသည့်
အ၀ိဇ္ဇာဖုံး အမိုက်ဆုံး မိုက်ခဲ့..
ကြားသူတကာရွံ့ မြင်သူတကာမုန်း
သံသရာပါဆုံးလို့ သင်ကားရှုံးခဲ့ လေပြီ။
လူ့ ပြည်ဝန်းကျင် အသင်သည်ကား
ရှင်လျှက်ပင် အပုတ်နံ့ဝင်
သေလျှင်ကာ လွမ်းသူမရှိ
သင့်သားမြေးတစ်အုပ် မိစ္ဆာယုတ်ဟု
များလူတကာ စက်ဆုတ်
ဧကန်သမုတ်ကြမည်။
ဟယ်.. အာဏာရူးငမိုက်တုံး..
အရှုံးကို အနိုင်မထင်လင့်
အ၀ိဇ္ဇာအာဏာဖုံးလို့
အသင် အရှုံး ကြီရှုံးချေပြီတကား။
ငြိမ်ချမ်း
၁၂ အောက်တိုဘာ ၂၀၀၇။
No comments:
Post a Comment